Covid-19 Vaccine Booster Shots to over 80% of employees in Thilawa SEZ

With the cooperation between Ministry of Health and Thilawa Special Economic Zone Management Committee, Myanmar Japan Thilawa Development Limited (MJTD) organized the Covid-19 Vaccination (Booster dose) program starting from March 2022 to until now and it has been provided to 8670 employees in TSEZ. This program is intended for those who have received the initial doses of covid-19 vaccines (two times) and this huge number can be said to over 80% of employees working in Thilawa SEZ have received the Booster shots.

 In the series of vaccination programs in Thilawa SEZ, we could provide Sinovac (CoronaVac), Sinopharm (BBIBP), Covishield (India) and AstraZeneca (Siam Biotech) to the initial does (first and second doses) and the vaccines - Covishield and AstraZeneca were provided as Booster shots according to vaccines availability for Thilawa SEZ employees.

In order to prevent Covid-19 (Corona Virus) transmission, to reduce the severity of diseases and to reduce incidence of hospitalization and endanger of lives, this free of charge vaccination programs were provided to all employees working in Thilawa SEZ as Employee Wellbeing and Health Care Support Program. Moreover, some of the family members of employees could receive Covid-19 Vaccine shots at Thilawa SEZ without charging any costs through our programs.

The very first-time vaccination at Thilawa SEZ has started on 31st August 2021 and since then, total (11,153) persons [11,009 persons during 2021 and 144 persons in 2022] have received the complete covid-19 vaccine shots (two times). As the 28th June 2022, we could provide 8,670 persons to receive their third dose (Booster Dose) of Covid-19 vaccine.

Since the time of availability of Covid-19 vaccines, the TSEZ could arrange the series of vaccines for Thilawa SEZ employees and moreover, we are continuously performing social support activities to neighboring communities of Thilawa SEZ as much as we can.

Myanmar Version

သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံ/အလုပ်ရုံဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (တတိယအကြိမ်) ထိုးနှံမှုပြီးစီး

ရန်ကုန် ဇွန် ၃၀

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ပြီး မြန်မာ ဂျပန် သီလဝါ ဒီဗီလော့မန့်လိမိတက် (MJTD) က ကူညီပံ့ပိုးသည့် တတိယအကြိမ် (ထပ်ဆောင်း) ကာကွယ်ဆေး ထိုးနှံခြင်း ကို ၂ဝ၂၂ ခုနှစ် မတ်လမှ စတင်ခဲ့ရာ ယနေ့အထိ စုစုပေါင်း (၈,၆၇ဝ) ဦးရေ ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်ရှိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးသည့် စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများအား တတိယအကြိမ်(ထပ်ဆောင်း) ကာကွယ်ဆေး ထိုးနှံနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ဝန်ထမ်းစုစုပေါင်း၏ (၈ဝ) ရာခိုင်နှုန်းကျော်အား ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့ရာတွင် ရရှိခဲ့သည့် ဆေးအမျိုးအစားများ အလိုက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် Sinovac (Corona Vac), Sinopharm (BBIBP), Covishield (India) နှင့် AstraZeneca (Siam Biotech) ဆေးတို့ကိုလည်းကောင်း, ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အတွက် Covishield နှင့် AstraZeneca တို့ကိုလည်းကောင်း ထိုးနှံပေးခဲ့ခြင်း ဖြစ်ပါသည်။

ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ရန်၊ ကူးစက်ခံရပါကလည်း ပြင်းပြင်းထန်ထန် မခံစားရ စေရန်၊ အသက်အန္တရာယ် ထိခိုက်မှုတွေ မဖြစ်စေရန် ရည်ရွယ်ကာ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများအား ကျန်မာရေး စောင့်ရှောက်ပေးမှုအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ကိုဗစ်ကာကွယ်ဆေးကို ဝန်ထမ်းများ သာမက ၄င်းတို့၏ မိသားစုဝင်များ ကိုလည်း ထိုးနှံပေးခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် စတင်ခဲ့ရာ ၂ဝ၂၁ ခုနှစ်အတွင်း စက်ရုံ/အလုပ်ရုံဝန်ထမ်း (၁၁,ဝဝ၉) ဉီး နှင့် ၂ဝ၂၂ ခုနှစ်အတွင်း (၁၄၄) ဉီး၊ စုစုပေါင်း (၁၁,၁၅၃) ဦးတို့သည့် ကာကွယ်ဆေး အပြည့် (နှစ်ကြိမ်) ထိုးနှံပြီးဖြစ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် (ထပ်ဆောင်း/Booster Dose) ထိုးနှံမှုကို ၂ဝ၂၂ ခုနှစ် မတ်လမှ စတင် ထိုးနှံပေးခဲ့ရာ  ဇွန်လ (၂၈) ရက်နေ့အထိ စုစုပေါင်း (၈၆၇ဝ) ဉီးသည် ထပ်ဆောင်း ကာကွယ်ဆေးများ ရရှိခဲ့ကြပြီး ဖြစ်ပါသည်။

သီလဝါစီးပွားရေးဇုန်အနေဖြင့် စက်မှုဇုန်အတွင်းရှိ ဝန်ထမ်းများအားလုံးအတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိသည့်အချိန်မှစပြီး ကာကွယ်ဆေးထိုးနှံပေးမှုအစီအစဥ်ကို ဆောင်ရွက်ပေးခဲ့သလို ဇုန်ပတ်ဝန်းကျင်ရှိ ဒေသခံများအတွက်လည်း လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် ပြုလုပ်ပေးလျက် ရှိပါသည်။

On