Thilawa SEZ donated the Rice Bags to neighboring 1,700 Hardship households

  • Press Release
March 2023, 31

The Thilawa Special Economic Zone donated the rice bags to 1,700 hardship households in neighboring communities of TSEZ including Zone A and Zone B PAPs at their respective villages/wards from March 28 to March 30, 2023. We provided the 10-kg Rice Bag to each household at Shwe Pyauk Village Tract, Aye Mya Thida Ward and Shwe Pyi Thar Yar Ward (Kyauk Tan Township) and Ah Lwan Suk Village (Thanlyin Township) and also 5-Bags for each to six monasteries around the Thilawa SEZ.

Thilawa SEZ started the Food Assistant Program to Hardship Households around TSEZ since May, 2021 and this is the second time we donated to our local communities. We organized this program with the aim to be ease of some burdens of our local communities during the hardship situations.

In order to develop the neighboring communities together with the development of Thilawa SEZ, the TSEZ performs the Social Responsible Activities since 2015 and we successfully organized the CSR programs such as Covid-19 Vaccination Programs, Scholarship Payment, School Items support program, Donation of School Science Laboratory Equipment, hosting the Environmental Awareness Seminars, Support to Elder persons, Traditional Kathina Robe Offering Ceremony and moreover, we have done the Engagement Meeting and Workshop on Social Responsible Activities of Thilawa SEZ with our locators and TSEZ’s Sports Festival (Badminton and Sepak Takraw Tournament) in this Fiscal year 2022-2023.

  [Community Relation Department]

 

သီလဝါအထူးစီးပွားရေးဇုန်က ပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ထောင်စု ၁,၇၀၀ အတွက် ဆန်အိတ်များ ပေးအပ်လှူဒါန်း

သီလဝါ၊ မတ် (၃၀)

သီလဝါအထူးစီးပွားရေးဇုန်မှ ဇုန်နှင့်ထိစပ်လျှက်ရှိသော ကျေးရွာများမှ ခက်ခဲကျပ်တည်းနေသော အိမ်ထောင်စုများနှင့် ပြန်လည်နေရာချထားရေးနေရာ (ဇုန်အေ, ဇုန်ဘီ)ရှိ အိမ်ထောင်စုများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု (၁,၇၀၀) ကို ၂ဝ၂၃ ခုနှစ်၊ မတ်လ (၂၈) မှ မတ်လ (၃ဝ) ရက်နေ့အထိ သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်၍ ဆန်အိတ်များ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် ကျောက်တန်းမြို့နယ် ‌ရွှေပျောက်ကျေးရွာအုပ်စု၊ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက်တို့ရှိ အိမ်ထောင်စုများနှင့် ပြန်လည်နေရာချထားရေးနေရာရှိ (ဇုန်အေ, ဇုန်ဘီ) အိမ်ထောင်စုများ၊ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ အိမ်ထောင်စုများအား အိမ်ထောင်တစ်စုလျှင် ဆန် (၁ဝ) ကီလို တစ်အိတ်စီနှင့် အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းကြီးကျောင်း (၆) ကျောင်းကိုလည်း တစ်ကျောင်းလျှင် ငါးအိတ်စီ လှူဒါန်းပေးအပ်ခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်မှ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စားဝတ်နေရေး ခက်ခဲလျက် ရှိကြသည့် အိမ်ထောင်စုများအတွက် အစားအစာများ ထောက်ပံ့လှူဒါန်းခြင်းကို ၂ဝ၂၁ ခုနှစ် မေလမှ စတင်လှူဒါန်းခဲ့ပြီး ယခုအခါသည် ဒုတိယအကြိမ်အဖြစ် ပေးအပ်လှူဒါန်းခြင်းဖြစ်ပါသည်။ ခက်ခဲသော ကာလဖြစ်သည့် အားလျော်စွာ ကျေးရွာများရှိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွက် အကျပ် အတည်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ယခုလို လှူဒါန်းရခြင်း ဖြစ်ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ ကိုလည်း စဥ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၅ ခုနှစ်မှစပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ  ယခု (၂၀၂၂- ၂၀၂၃)  ဘဏာရေးနှစ်အတွင်း  သီလဝါ အထူးစီးပွားရေးဇုန်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံနိုင်ရန် ဆောင်ရွက် ပေးခြင်း၊ ပညာရည် ထူးချွန်ဆု ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှုဒါန်းခြင်း၊ ကျောင်းသုံး သိပွံ လက်တွေ့ခန်းသုံး သင်‌ထောက်ကူပစ္စည်းများ ထောက်ပံ့လှုဒါန်းခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး  ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ လှူဒါန်းခြင်း၊ စုပေါင်း မဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းတို့နှင့်အတူ  သီလဝါရင်းနှီး မြှပ်နှံသူများအကြား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ် ခဲ့ခြင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်မိသားစု တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် တံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းစသည့် လူမှုရေးအကျိုးပြု လုပ်ငန်းများကို ‌ဆောင်ရွက် ပေးခဲ့ပါသည်။

[လူထုဆက်ဆံရေးဌာန]