Thilawa Special Economic Zone donated the School Laboratory Equipment to two high schools at Aye Mya Thida Ward and Myaing Tar Yar Village

Saturday, January 21, 2023

            The donation ceremony of School Laboratory Equipment by Thilawa SEZ was done at BEHS Aye Mya Thida and BEHS Myaing Tar Yar on 20th January, 2023. Aiming to create the atmosphere of practical way of learning the science subjects and to allow the students to actually perform the experimental knowledge on their subjects, Thilawa SEZ provided the Science Laboratory Equipment which are the equivalent of one million six thousand MMK to each High School around the Thilawa SEZ. The total of 19 items of School Science Laboratory Equipment such as Microscope, Laboratory apparatus and school common laboratory chemicals which all are necessary for practical learning of Science Subjects are provided to these two high schools. Thilawa SEZ continuously support to ensure inclusive and equitable quality education by promoting the educational status of the community people emphasizing to young generation to equal access for learning opportunities and to quality educational services such as supporting the School Basic Infrastructures, School Items, Scholarship awards, Language Class (FOC) and supporting the Community Library since 2015.

 

                                                    သီလဝါအထူးစီးပွားရေးဇုန်မှ အေးမြသီတာရပ်ကွက်နှင့် မြိုင်သာယာကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

                                                သီလဝါအထူးစီးပွား‌ရေးဇုန်မှ သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် မြိုင်သာယာ ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ၂ဝ၂၃ ခု၊ ဇန်နဝါရီ (၂၀) ရက်နေ့ တွင် ပြုလုပ်ခဲ့ပါသည်။ သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ကျောင်းတစ်ကျောင်းလျှင် ငွေကျပ် (၁၆) သိန်းကျော် တန်ဖိုးရှိသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများအား လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများအနေဖြင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ သင်ယူရာတွင်  ပိုမိုနားလည် သဘော ပေါက်စေ၍ လက်တွေ့ကျကျ သင်ယူလေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်ပြီး လှူဒါန်းရခြင်း ဖြစ်ပါသည်။ အထက်တန်း ကျောင်းသား,ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော သိပ္ပံ လက်တွေ့ခန်းသုံး ပစ္စည်း များ ဖြစ်သည့် အဏုကြည့်မှန်ပြောင်း၊ ဓာတုဗေဒ လက်တွေ့စမ်းသပ်ချက် ဆိုင်ရာ သင်ထောက်ကူ ပစ္စည်း ကိရိယာများနှင့် ဆက်စပ်ဓာတုပစ္စည်းများ၊ စုစုပေါင်းအမျိုးအစား (၁၉) မျိုးကို အဆိုပါ ကျောင်းများသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ဒေသခံများ၏ ပညာ‌ရေးကဏ္ဍ အတွက် စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပြီး လူငယ်လူရွယ်များ၏ ပညာရေးအဆင့်အတန်း မြင့်မား စေရန်နှင့် လက်လှမ်းမီစွာဖြင့် တန်းတူပညာသင်ကြားခွင့်ရနိုင်စေရန်  အခြေခံကျောင်းအဆောက်အဉီနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်း၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း၊ ပညာသင်ဆု ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ အခမဲ့ ဖွင့်လှစ် သင်ကြားပေးခြင်း၊ စာကြည့်တိုက်များ ဆောက်လုပ်လှူဒါန်းပေးခြင်း အစရှိသည့် အားလုံးလွှမ်းခြုံနိုင် သည့်  ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုများကို ၂ဝ၁၅ ခုနှစ်မှ စတင်ကာ ယနေ့ တိုင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

                                                                                              (Community Relation Department)