An Excursion trip for Thilawa SEZ scholarship students organized TSEZ

  • Press Release
September 2023, 23

An Excursion trip for Thilawa SEZ scholarship students

Yangon, September 23

 

The excursion trip for Thilawa SEZ scholarship students aims to provide the students’ soft skills such as communication, adaptability, and emotional intelligence represented the extracurricular activity.

The community relations department, Thilawa Special Economic Zone spearheaded the activity of excursion as a way to highlight that, not only made learning more entertaining but acknowledges that all students can make valuable contributions within a classroom. The scholar students (8) persons from BEHS Aye Mya Thida School and (8) scholar students BEHS Myaing Thar Yar School participated in the excursion activity to Shwe Dagon Pagoda, National Museum of Myanmar and Shopping Center on September 22.

Initially, the scholar students visited the Botanical Garden of MJTD learning the specialty plant collections and took a sightseeing tour of Zone A by bus. Next to the Shwe Dagon Pagoda to expand the students’ knowledge about faith and spirituality as well as National Museum of Myanmar by integrating their critical thinking, curiosity, and the growth of historical empathy. And then also the Junction Square/Times City for Ninja Park to boost students’ attentiveness, motivations, and to work together as a team, take turns, build respect, listen to others, and play fairly.

Language classes in English and Japanese are organized, in addition to the yearly donation of stationery supplies to every student and the continuous support of students who are outstanding from neighboring schools in Thilawa SEZ.

[Community Relations Department]

 

သီလဝါအထူးစီးပွားရေးဇုန်မှ ပညာသင်ဆုပေးအပ်ထားသော ကျောင်းသား/သူများအတွက် လေ့လာရေးခရီးစဥ် ပြုလုပ်ပေးခြင်း

ရန်ကုန်၊ စက်တင်ဘာ ၂၃

သီလဝါ အထူးစီးပွားရေးဇုန်မှ ပညာသင်ဆု ပေးအပ်ထားသော ကျောင်းသား ကျောင်းသူများအား အသိပညာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေရန်၊ ကျောင်းပြင်ပ ဗဟုသုတတိုးတက်စေရန်နှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်တတ်စေရန် ရည်ရွယ်ချက်၍ တစ်ရက်တာ လေ့လာရေးခရီးစဥ်ကို ပြုလုပ်‌ခဲ့ခြင်းဖြစ်ပါသည်။

ပညာသင်ဆုရရှိထားသော ကျောင်းသား/သူများတွင် ကျောက်တန်းမြို့နယ်၊ မြိုင်သာယာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၈) ဦး နှင့် အထက်တန်းကျောင်း(ခွဲ) အေးမြသီတာ မှ ကျောင်းသား/သူ (၈) ဦး စီပါဝင်ပြီး မြန်မာ ဂျပန်သီလဝါဒီဗီလော့မန့်လီမိတက်၊ လူထုဆက်ဆံရေးဌာနမှ ဦးဆောင်ကာ လေ့လာရေးခရီးစဥ်အဖြစ် သီလဝါအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်၊ အမျိုးသားပြတိုက်၊ Shopping Center များသို့ စက်တင်ဘာ (၂၂) ရက်နေ့က သွားရောက်ခဲ့ပါသည်။

ရန်ကုန်မြို့သို့ လေ့လာရေးခရီးမစတင်မီ  မြန်မာဂျပန် သီလဝါ ဒီပလော့မန့်လီမိတက်ရှိ ရုက္ခဗေဒ ဥယျာဥ်သို့ လေ့လာခဲ့ကြပြီးနောက်သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိစက်ရုံများ၏ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို ဆက်လက်လေ့လာခဲ့သည်။

ဇုန်လေ့လာရေးပြီးနောက် ရွေတိဂုံဘုရားနှင့် အမျိုးသား ပြတိုက်သို့ လေ့လာ‌ရေးပြုလုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ အချင်းချင်း ရင်းနှီးမှုရရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်တိုးတက်စေရန်အတွက် Ninja Park ကစားကွင်းတွင် ဂိမ်းများလည်း ဆော့ခဲ့ပါသည်။

သီလဝါ အထူးစီးပွားရေးဇုန်မှ ဇုန်နှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများ၏ ကျောင်းများ၏ ပညာရေးကဏ္ကတွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးမှုအနေဖြင့် ကျောင်းများရှိ ပညာရည်ထူးချွန်သောကျောင်းသား/သူ များသို့ရွေးချယ်ကာ ပညာသင်ဆုထောက်ပံ့ပေးအပ်ခြင်း၊ နှစ်စဥ်နှစ်တိုင်း ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း၊ အဂ်လိမ်စာသင်တန်းနှင့် ဂျပန်စာ သင်တန်းများ ဖွင့်ပေးခြင်း စသည်တို့ ကို ပြုလုပ်ပေးလျက်ရှိပါသည်။

လူထုဆက်ဆံရေးဌာန