7th TSEZ Kathina Robe Offering Ceremony 2023

  • News
November 2023, 10
Friday, November 10, 2023

On the behalf of all Locators in Thilawa SEZ, the Community Relations Department of Myanmar Japan Thilawa Development Limited organized the 7th TSEZ Kathina Robe Offering Ceremony 2023 which was successfully celebrated on 9th November, 2023 (Thursday) at Kan Oo Monastery, Aye Mya Thida Ward (Pha Lan Old Village), Kyauk Tan Township, Yangon.

Together with MJTD, the representatives from TSEZ Locators as well as the invited guests from the Village nicely participated in the ceremony, with the offering of Kathina Main Robe, the accessories robes and other requisites, and Kathina Trees (Padaythar Pin) to Resident Monks and Invited Monks and graciously donated the donation of lunch for Monks and guests.

The 7th TSEZ Kathina Robe Offering Ceremony, a cherished annual Buddhist tradition of Thilawa SEZ, was successfully accomplished in this year and our longstanding commitment involves presenting this ceremony each year, alternating between nearby monasteries, as a gesture of respect and devotion to community around Thilawa SEZ.

[Community Relations Department]

 

သီလဝါအထူးစီးပွားရေးဇုန် မိသားစု (၇) ကြိမ်မြောက် စု‌ပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း

သီလဝါ၊ နိုဝင်ဘာ (၉)

သီလဝါအထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူများကိုယ်စား မြန်မာ ဂျပန် သီလဝါ ဒီဗီလော့မန့်လီမိတက်- လူထုဆက်ဆံရေးဌာနက ကြီးမှူး၍  သီလဝါအထူးစီးပွားရေးဇုန်မိသားစု၏ (၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်, ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီး, ကျောက်တန်းမြို့နယ်, ဖလမ်းရွာဟောင်း, အေးမြသီတာရပ်ကွက်ရှိ ကံဦး ဘုန်းတော်ကြီးကျောင်း၌ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ကြာသတေးနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အလှူတော်မင်္ဂလာအခမ်းအနားကို ရင်းနှီးမြှုပ်နှံသူများများ, ရပ်မိရပ်ဖများနှင့် မြန်မာ ဂျပန် သီလဝါ ဒီဗီလော့မန့် လီမိတက်မှ တာဝန်ရှိသူများက တက်ရောက်ကြကာ သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် ကထိန်အခြံအရံသင်္ကန်းများ, လှူဖွယ်ပစ္စည်းများ, ရင်းနှီးမြှုပ်နှံသူများ၏ စုပေါင်း လှူဒါန်းထားသည့် ကထိန်ပဒေသာပင်များအား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ ကထိန် အနုမောဒနာတရား နာကြားကာ ကုသိုလ်ကောင်းမှုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက်တွင် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ ဧည့်ပရိသတ်များအား နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် စုပေါင်း မဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ယခုနှစ်တွင် (၇) ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပလှူဒါန်းနိုင်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်းလည်း  သီလဝါအထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ကျေးရွာများရှိ ဘုန်းကြီးကျောင်းများသို့ အလှည့်ကျ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ပါသည်။

[လူထုဆက်ဆံရေးဌာန]