Thilawa Special Economic Zone Extends School Material Donations to 4,000 Neighboring Students

  • News
September 2023, 06

The annual stationary donation program, organized by Thilawa Special Economic Zone, took place on September 1st, 4th, and 5th for its eighth consecutive year. This initiative extended its generous support to 4,000 students hailing from nearby communities.

Together with the initiation of the Community Relations Department of MJTD on behalf of TSEZ, Myanmar Thilawa SEZ Holdings Public Company Limited, Koyorad Myanmar Company Limited, Kianjoo Can (Myanmar) Company Limited, Boxpak (Myanmar) Company Limited, Suzuki Thilawa Motor Company Limited and Myanmar Yazarki Thilawa Company Limited provided additional support with essential stationery for these students.

As part of its broader commitment to socioeconomic development, Thilawa Special Economic Zone conducts monthly activities in the areas of education, healthcare, environmental stewardship, and stakeholder engagement. In this fiscal year, 2023–2024, a significant portion of the allocated budget, 35%, will be directed towards enhancing the education sector.

The continuous educational efforts encompass scholarships, student skill development programs, awareness trainings, and the refurbishment of school classrooms. This year, Thilawa Special Economic Zone's contribution of stationary supplies, comprising books, pens, pencils, and eco-friendly bags, is valued at around 68 million kyats.

This noble tradition of the stationary donation program was first launched in 2015 by Thilawa Special Economic Zone and has continued uninterrupted each year since. The primary focus of this program is to make meaningful contributions to the communities of Nyaung Waing Village Tract, Aye Mya Thida Ward, Shwe Pyi Thar Yar Ward, Shwe Pyauk Village Track, and Ah Lun Sut Village.

 

သီလဝါအထူးစီးပွားရေးဇုန်မှ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ

ကျောင်းသား/သူ (,၀၀၀) ခန့်အား ကျောင်းသုံးစာအုပ်များ ပေးအပ်လှူဒါန်း

သီလဝါ၊ စက်တင်ဘာ ၆

သီလဝါအထူးစီးပွား‌ရေးဇုန်မှ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယခုနှစ်တွင် အဌမအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော ကျေးရွာများမှ ကျောင်းသား/သူ (၄,ဝဝဝ) ခန့်ကို  ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာ (၁)ရက်၊ (၄)ရက်နှင့် (၅) ရက်နေ့များတွင်  သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းရာတွင် သီလဝါ အထူးစီးပွားရေးဇုန် ကိုယ်စား မြန်မာ ဂျပန်သီလဝါ ဒီဗီလော့မန့် လီမိတက် (MJTD) လူထုဆက်ဆံရေးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် Myanmar Thilawa SEZ Holdings Public Company Limited (MTSH)၊ သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသော Koyorad Myanmar Company Limited, Kianjoo Can (Myanmar ) Company Limited, Boxpak (Myanmar) Company Limited, Suzuki Thilawa Motor Company Limited နှင့် Myanmar Yazarki Thilawa Company Limited တို့ကလည်း သက်ဆိုင်ရာကျောင်းများနှင့် အတန်းများအလိုက် စာရေးကိရိယာများအား ထပ်ဆောင်း ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်မှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံသူများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း လုပ်ငန်းများကို လစဥ်ပြုလုပ်လျက်ရှိရာ ယခု (၂ဝ၂၃ - ၂ဝ၂၄) ဘဏ္ဏာနှစ်အတွင်း လျာထားဘတ်ဂျက် စုစုပေါင်း၏ (၃၅) ရာခိုင်နှုန်းကို ပညာရေးကဏ္ဍအတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။

ပညာရေးကဏ္ဍအတွက် လက်ရှိပြုလုပ်လျက်ရှိသော ဆောင်ရွက်ချက်များမှာ ပညာသင် ထူးချွန်ဆု ပေးအပ်ခြင်း၊ ကျောင်းသား/သူများအတွက် စွမ်းရည်မြှင့် သင်တန်းများ (Skill development trainings) များ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကျောင်းဆောင်များ  ပြန်လည်ပြုပြင်မွမ်းမံခြင်း စသည်တို့ လုပ်ဆောင်ပေးလျက်ရှိကာ ယခုပြုလုပ်သည့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အစီအစဥ်တွင် ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ‌ဘောပင်နှင့် recycle bags စသည့် ပစ္စည်းများ ပါဝင်ပြီး စုစုပေါင်း တန်ဖိုး အားဖြင့် ကျပ်သိန်းပေါင်း (၆၈ဝ) ကျော် ကုန်ကျခဲ့ပါသည်။

ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ကာ နှစ်စဥ်နှစ်တိုင်း မပျက်မကွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။ လှူဒါန်းရာတွင် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော ကျေးရွာများဖြစ်သည့် ညောင်ဝိုင်းကျေးရွာအုပ်စု၊ အေးမြသီတာရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက်၊ ရွှေပျောက်ကျေးရွာအုပ်စုနှင့် အလွမ်းဆွတ်ကျေးရွာတို့ရှိ အခြေခံပညာ ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ 

 

[Community Relations Department]